Operation Red Sea S

This time I would like to introduce Operation Red Sea, a 2018 Chinese car.

It’s a movie that has an IMDB rating of 7.1 and a Rotten Tomato score of 81%.

This film is based on the true story of the evacuation of Chinese citizens who were trapped in the Yemeni civil war in 2015.

In this film, the Chinese people are trapped in the water wire when a civil war occurs because of the government, the revolutionary forces, and the terrorists.

A nearby Chinese naval ship was assigned the task of evacuating this trapped ship.

The navy ship sends its best commando force to rescue the hostages.

At the same time, a Chinese-French journalist named Xinan discovered that Willian, the head of research at the Rewire Energy Company, was planning to mine uranium and refine it into ketawa (uranium) to make a bomb.

So he investigated this matter.

But the Zaka terrorists started arresting Willian and the Chinese employee of their company.

In this way, the Water Wire government was unable to help, and had to fight against hundreds of terrorists to rescue the Chinese hostages.

Captain Yan and his men must face the terrorists rampaging throughout the country and rescue the hostages before the Chinese naval ship leaves.

At first, these plans are drawn, but when the unexpected happens, it will be interesting to see how they manage to escape.

In addition, when I met Shinan, a reporter, and found out about the Katewa (Urania) issue…

In a country that is not familiar to you, how do you rescue the hostages from the hands of hundreds of crazy terrorists with just a handful of people…

Also, let’s continue to watch the movie as to how it will be resolved about the case of Katewa (Uranium), which can threaten everyone.

CM

ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Operation Red Sea ဆိုတဲ့ ၂၀၁၈ ထွက် Chinese ကားလေးပါ။

IMDB Rating 7.1 ရထားပြီးတော့ Rotten Tomato 81% ထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။

ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်။

ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။

ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။

ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) အဖြစ် သန့်စင်ကာ ဗုံးလုပ်ဖို့ ကြံစည်နေတယ်ဆိုတာကိုဖော်ထုတ်တွေ့ရှိထားပါတယ်။

ဒီတော့ သူလည်း ဒီကိစ္စကိုစုံစမ်းတာပေါ့။

ဒါပေမဲ့ ဇာကာ အကြမ်းဖက်သမားတွေက ဝီလီယန်ကော သူတို့ကုမ္ပဏီက တရုတ်ဝန်ထမ်းကောကို ဖမ်းဆီးသွားပါတော့တယ်။

ဒီလိုနဲ့ပဲ ရေဝိုင်ယာ အစိုးရကလည်း အကူညီမပေးနိုင်တဲ့ အပြင် ကိုယ့်ဘာသာ ဇာကာ အကြမ်းဖက်သမားရာချီနဲ့ ယှဉ်ပြီး တရုတ်ဓားစားခံတွေကိုကယ်ထုတ်ဖို့ ဖြစ်လာပါတယ်။

နိုင်ငံတစ်ခုလုံးမှာ သောင်းကျန်းနေတဲ့အကြမ်းဖက်သမားတွေကိုတော့ ကပ္ပတိန်ရန်နဲ့ သူ့လူလေးတွေက ရင်ဆိုင်ပြီး ဓားစားခံတွေကိ တရုတ် ရေတပ်သင်္ဘောမထွက်ခွာခင် အချိန်မှီ ကယ်ထုတ်လာရမှာပါ။

အစကတော့ ဒီလို အစီစဉ်တွေဆွဲထားပေမဲ့ မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ ဘယ်လို ရအောင် ကယ်ထုတ်မလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါ။

ဒါ့အပြင် သတင်းထောက်မလေး ရှီနန်နဲ့တွေ့ပြီး ကိတ်ဝါ(ယူရေးနီးယား) ကိစ္စကိုပါ သိလိုက်ရတဲ့ အချိန်မှာတော့…..

ကိုယ်နဲ့ မရင်းနှီးတဲ့ နိုင်ငံတစ်ခုမှာ ကိုယ့်လူလေးလက်တစ်ဆုပ်စာနဲ့ ရာချီတဲ့ မိုက်ရူးရဲ အကြမ်းဖက်သမားတွေလက်ထဲကနေ ဓားစားခံတွေကို အချိန်မှီ ဘယ်လို ကယ်ထုတ်မလဲ…

ဒါ့အပြင် အားလုံးကို ခြိမ်းခြောက်လာနိုင်တဲ့ ကိတ်ဝါ (ယူရေနီးယား) ကိစ္စကိုကော ဘယ်လိုရှင်းမလဲဆိုတာကိုတော့ရုပ်ရှင်ကိုပဲ ဆက်လက်ရှု့စားလိုက်ပါဗျာ။

CM