Machete S

IMDb (6.6) / Rotten Tomatoes (72%)

Manchette is an ex-federal soldier currently working as a smuggler on the Texas border.

One day, he was hired by a local businessman for $150,000 to assassinate the mayor.

He accepts the case to support Luz and her network of girls who help illegal border workers like him, but he soon learns that the man who hired him is using him as a trap for political and illegal drug business interests.

But what that person didn’t know was how violent he had been in the past, and that there was enough reason for Fing Fing to shudder when he heard his name.

Rough is rough.

The sound of blood, the roaring of the grass, the shaking of the lawnmower, and the cutting with the big sword were completely new.

At that time, it was a car that became a big hype.

Danny Trejo, who has always been known as a villain, has been cast as the lead actor, and Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, and Lindsay Lohan have all been cast as villains.

Another interesting thing is the nude scenes of all the actresses in this movie.

It’s a car that will show you endlessly from the beginning to the end, with shootings, strangulation, and dirty weeks.

(You should not watch it with your family.)

IMDb (6.6) / Rotten Tomatoes (72%)

မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်။

တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။

သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။

ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။

ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်။

သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။

အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။

လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။

နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။

အပစ်အခတ် အညှစ်အသတ်နဲ့ အညစ်အပတ်တွေ ဒင်းကြမ်းနဲ့ အစကနေအဆုံးအထိ မနားတမ်းကြမ်းပြမယ့်ကားဖြစ်ပါတယ်။

(မိသားစုနဲ့တော့ မကြည့်သင့်ပါ။)